ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ ကြည့်ရှုလေ့လာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှနှင့်တာဝန်ရှိသူများလိုက်ပါ၍ မချမ်းဘော့မြို့နယ်ရှေးဟောင်း သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့၊သွားရောက်ဖူးမြော်ပြီး  ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်၍ ဖူးမျှော်ကြပါတယ်။

စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ်ဖြစ်စေရေး တို့ နှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားကာ ဘက်စုံပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ ယဉ်ကျေးမှုခေါင်းဆောင်များပြကွက်တို့ကို ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံ ကြည့်ရှုကြရာ ယဉ်ကျေးမှုနှင့် သမိုင်းကို ထိန်းသိမ်းနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ရှေးဟောင်းရိုးရာ လက်မှု အသုံးအဆောင်များသည် အဖိုးမဖြတ်နိုင်သည့် သမိုင်းအထောက်အထားများဖြစ်သဖြင့် တည်တံ့မှုရှိစေရေး ထိန်းသိမ်းရန်နှင့် ရှိရန်လည်းလိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပျက်စီးယိုယွင်းမှုများ မဖြစ်စေရန်လည်း စောင့်ရှောက်ဖို့ကိုလည်း

မှာကြားခဲ့ပါတယ်..