ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၇၄ ဦးကို ဖမ်းမိ

ထိုင်းရဲတပ်ဖွဲ့သည် မေလ ၂ ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၇၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

တက်ခ်ပြည်နယ်မှ ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေသည်ဆိုသောသတင်းအရ Phop Phra Klang ကျေးရွာဝန်းကျင်ကို စုံစမ်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား ၅၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသား ၅၅ ဦးထဲတွင် အမျိုးသား ၃၃ ဦးဖြစ်ပြီး အမျိုးသမီး ၂၂ ဦးပါဝင်ကာ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသူများဖြစ်တယ်လို့သိရပါတယ်။

ထို့အပြင် တက်ခ်ပြည်နယ် ဘမ်တက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသား ၁၉ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ပွဲစားနှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရပါတယ်။ #Crd