တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေး ဆွေးနွေး

မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စား လှယ်အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြား ချက်အရ ဧပြီလ ၃၀ ရက်နေ့ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦး စီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ခရီးစဉ်ကာလအတွင်းမှာ လေတပ်ဦးစီးချုပ်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံရှိ အထင်ကရနေရာများအား သွားရောက်လေ့လာ လည်ပတ်ခဲ့ကြောင်းသိရပါတယ်။