အနောက်မြောက်တိုင်းစစ်ဌာနချုပ်(၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို

ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာ သီရိခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်

ပာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး

အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊

တပ်ရင်း/တပ်ဖွဲ့မှူးများအရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်

ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက် တော်မူကြသော

ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြပါတယ်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ

ဆက်ကပ်လှူဒါန်းကြပါသည်။ ၎င်းနောက်မုံရွာမြို့၊ ရန်ကင်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဒွိပိဋကဓရ၊

ဒွိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသထံမှရေစက်ချ အနုမောဒနာတရား နာယူကြည်ညို၍ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို

ဘုရား ကန်တော့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ ကြွရောက်တော်မူကြသော သံဃာတော်အရှင် သူမြတ်များအား

နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ ဧည့်ပရိတ် သတ်များအား ဒံပေါက်ထမင်း၊ ဟင်းများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။