နိုင်ငံ့ဝန်ထမ်းများပင်စင်ခံစားခွင့် ခေတ်စနစ်နှင့်ကိုက်ညီအောင်ပြန်လည်ပြင်ဆင်မည်

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်ကို ခေတ်စနစ်နှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ့အတွက် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဇန်နဝါရီ (၁၇)ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါဖွဲ့စည်းတဲ့ အမိန့်မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်နှင့် သက်ဆိုင်တဲ့ တည်ဆဲဥပဒေ၊နည်းဥပဒေတွေကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေဖို့ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းရတာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။