ကျောက်ကပ် သွေးသန့်စင်ခြင်းများ ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးလျက်ရှိ

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ခေတ်နှင့်အညီ ဝန်ဆောင်မှုများ တိုးတက်ဖြစ်ထွန်းစေရန် ကျောက်ကပ်အစားထိုး ကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များ အနေဖြင့်  ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။