အလံတစ်ရွက်ပဲကျန်ရင်တောင် မြန်မာ့တပ်မတော်ကိုချစ်မယ်

ကိုယ်တွေဆိုတာ ဒီဘက်ပြောတော့ လော်ဘီ။ ဟိုဘက်ကပြောတော့ ဘောမ ။
ဟုတ်နေရောပဲ။

တပ်မတော်ကိုချစ်တယ်ဆိုတဲ့စိတ်က လူတယောက်ကိုချစ်လို့ အဖွဲ့အစည်းတခုကိုဝန်းရံတဲ့
ရှင်သန်တဲ့အနေအထားထက် အများကြီးတန်ဖိုးရှိတယ်။

ပုဂ္ဂိုလ်ခင်ပြီး တရားမင်လာတာမဟုတ်ဘူး။ ချစ်လွန်းလို့ စိတ်အားထက်သန်လွန်းလို့ ခံယူချက် ယုံကြည်ချက် စိတ်ဓာတ်အပြည့်နဲ့ တပ်မတော်ကိုချစ်တာ။

ဒါကြောင့်ဒီအဖွဲ့အစည်းရဲ့ဦးခေါင်း ဆံစကနေခြေဖျားအဆုံး အထိမခံတာ။ အားနည်း အားသာဆိုတာအဖွဲ့အစည်းတိုင်းမှာရှိတယ်။ Perfect ဖြစ်နေတာရှိရင်လာပြ။ စုံလုံးကန်း နေမယ့် ထဲလည်းမပါဘူး။ ထိရောက်တဲ့နေရာမှာ
လိုအပ်တဲ့စကားကို နားထဲရောက်အောင်ပို့တယ်။

လက်သည်းဆိပ် လက်ထိပ်ကနာစမြဲပဲ။ ကိုယ့်ဘက်ကဆို လူမပြောနဲ့ စကားနဲ့ထိတောင်မကြိုက်ဘူး။နာတတ်တယ်။

သို့ပေမယ့် တဖက်က ဂျင်းနဲ့ စိတ်ဓာတ်ပျက်ပြီး ဒူးထောက်မယ့်အစား ထဲတော့မပါဘူး။
ဒိဌိလက်အောက် ဦးညွှန့်ရမယ်ဆို အသတ်ပဲအသေခံမယ့်အစား။ သိမ်းလိုက်ပြီ သိမ်းလိုက်ပြီ အော်နေလို့
ဒူးတုန်ဖို့သွေး မွေးကတည်းက မိဘမပေးလိုက်ဘူး။အဲ့တော့ အလံတရွက်ကျန်ရင်လည်း အဲ့အလံကိုင်ပြီး တပ်မတော်ဘက်ကရပ်နေမယ်။

Sandi Myint Aung