(၁၇) ကြိမ်မြောက်အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကျင်းပ

          ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်ရေတပ်က လက်ခံကျင်းပပြုလုပ်ခဲ့ သည့် (၁၇)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (17th ASEAN Navy Chiefs’ Meeting – 17th ANCM) သို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Video Conferece ဖြင့် တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

          အစည်းအဝေး တက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များက Synergy at Sea: Regional Cohesion for Peace and Stability (ပင်လယ်ပြင်တွင် စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်၊ ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးအတွက် ဒေသတွင်းစည်းလုံးမှု) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က အာဆီယံဒေသသည် ရေကြောင်းကုန်သွယ်မှုအတွက် အချက်အချာ မဟာဗျူဟာဒေသဖြစ်သဖြင့် အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများပါ ဒွန်တွဲလျက်ရှိကြောင်း၊ ASEAN Centrality သည် များစွာအရေးပါပြီး အာဆီယံရေတပ်များ၏ မတူညီသော အားသာချက်များအား စုစည်း၍ ထိရောက်စွာအသုံးပြုရန် လိုအပ်သလို၊ ပူးပေါင်းဆောင်ရွက်မှုများကို ယုံကြည်မှုတည်ဆောက်ကာ စိန်ခေါ်မှု များကို ကျော်လွှားသွားရမည်ဖြစ်ပြီး၊ အာဆီယံသည် အမြဲတမ်း Driving Role မှရပ်တည်၍ ပြင်ပစွက်ဖက်မှုများကင်းရှင်းစွာဖြင့် လမ်းကြောင်းမှန်ကို ရှေးရှု အကောင်အထည်ဖော်သွားရန်နှင့်၊ အဓိကအားဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေကြောင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

          ယင်းနောက် ၂၀၂၂ ခုနှစ်အတွင်း ဘရူနိုင်းရေတပ်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် 9th ASEAN Navy Young Officers’ Interaction (ANYOI)၊   ထိုင်းရေတပ်က အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည့် 18th ASEAN Defence Ministers Meeting (ADMM) Plus Experts Working Group on Maritime Security and Tabletop Exercises 2023 ၊ အင်ဒိုနီးရှားရေတပ်က အိမ်ရှင်အဖြစ်ပြုလုပ်ခဲ့သည့် ASEAN Cadet Seminar ၊ AESAN Cadet Sail and 10th ANYOI 2023 များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ပြုလုပ်သွားမည့် ရေတပ်ဆိုင်ရာပူးပေါင်းလေ့ကျင့်ခန်း အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါတယ်။