ရုရှားတပ်ဖွဲ့များ ယူကရိန်းနိုင်ငံအတွင်း စစ်ရေးတိုးမြှင့်

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ၏ လူ့ခန့်စ်ပြည်သူ့သမ္မတနိုင်ငံရှိ ကုပြန့်စ်ဒေသတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၅၅ ဦး၊ တင့်ကား ၃ စီး၊ သံချပ်ကာတိုက်ယာဉ် ၅ စီး၊ အခြားယာဉ် ၇ စီးနှင့် D-30 ဟောင်ဝစ်ဇာတို့ကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနယ်မြေအတွင်းရှိ ယူကရိန်း အဖျက်အမှောက် ထောက်လှမ်းရေးအုပ်စု ၂ ခုကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကိုနာရှန့်ကော့ဗ်က မေလ ၅ ရက်တွင် ပြောကြားခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့များသည် ဒိုးနက်စ်ဒေသတွင်လည်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၈၀ ကျော်နှင့် ဟောင်ဝစ်ဇာများကို ဖျက်ဆီးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များတွင် ယူကရိန်းတပ်ဖွဲ့များနှင့် ကြေးစားစစ်သည်များပါဝင်ကြောင်း၊ ဇာပိုရိုဇီဒေသအတွင်းရှိ ယူကရိန်း၏ အမှတ် (၇၂) ယန္တရားတပ်မဟာခဲယမ်းတိုက်နဲ့ အမှတ် (၁၂၈) တောင်ပေါ်ချေမှုန်းရေးတပ်မဟာရဲ့ ခဲယမ်းတိုက်တို့ကိုလည်း ဖျက်ဆီးခဲ့ပြီး တပ်ဖွဲ့ဝင် ၇၀ ကျော်ကို မေလ ၇ ရက်တွင် သုတ်သင်ခဲ့ကြောင်း၊ ဒါ့အပြင် ရုရှားတပ်ဖွဲ့များဟာ လူးခန့်စ်ပြည်သူ့သမ္မတနိုင်ငံအတွင်း၌ ယူကရိန်းတို့ရဲ့မောင်းသူမဲ့‌လေယာဉ် ၁၅ စင်းကိုလည်းဖျက်ဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။