မြန်မာယူ-၂၂ အသင်း ဖိလစ်ပိုင်အသင်းအား အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်း

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာယူ-၂၂ အသင်းဟာ ဖိလစ်ပိုင်နဲ့ ကစားခဲ့ရာမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။ တဖက်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို အနိုင်ရပြီး ဖိလစ်ပိုင်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အုပ်စုအဆင့်က လှည့်ပြန်ရမှာမို့ မြန်မာက ဒီပွဲကို အာရုံစိုက်ကစားခဲ့ပါတယ်။ 

မြန်မာက အနိမ့်ဆုံးသရေကစားနိုင်ရင် အခြေအေနကေင်းမှာမဖြစ်ပြီး ဖိလစ်ပိုင်က မဖြစ်မနေအနိုင်ရဖို့တော့ လိုအပ်နေခဲ့တာပါ။ ဒါပေမယ့် မြန်မာက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ ရရှိခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ယူခဲ့ပြီး အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

image