အကူအညီပစ္စည်း (၁၃) တန်ကျော် တင်ဆောင်လာသော အင်ဒိုနီးရှား တပ်မတော်လေယာဉ်တစ်စီး ရန်ကုန်သို့ရောက်ရှိ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် အကူအညီပစ္စည်း ၁၃ ဒသမ ၅၉၄ တန် တင်ဆောင်လာသော အင်ဒိုနီးရှားတပ်မတော်မှလေယာဉ် C 130 တစ်စီးသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ထိုသို့ရောက်ရှိသည့် အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်း စာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန(AHA Centre) တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့် ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါရောက်ရှိလာသည့် ထောက်ပံ့အကူအညီ ပစ္စည်းများတွင် အရေးပေါ်နေစရာပစ္စည်းများ၊ တစ်နာရီကိုငါးရာလီတာထုတ်ပေးသည့် ရေသန့်စက် နှစ်လုံး၊ Jenycl ငါးဂါလံ ဆံ့ရေပုံးများ၊ အုတ်ရိုက်သံများ၊ Emetgency Shelter Tool Kit ၊ Tool Kit, Shelter ၊ Water Filtration System Soolt/ hers ၊ W/Pump ၊ Jerry Can, Semi-Collaps W/Screw Cap Lolt တို့ပါဝင်ကြောင်း သိရသည်။

mhtnews