မတူပီမြို့နယ်၊ တီးဆီးကျေးရွာအနီးတွင် CDF အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ည ၇ နာရီခန့်တွင် မတူပီမြို့နယ်၊ တီးဆီးကျေးရွာအနီးတွင် ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အဖျက်အမှောက် လုပ်ရပ်များ လုပ်ဆောင်နေသော CDF သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF သောင်းကျန်းသူများမှာ အထိနာကာဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
CDF အကြမ်းဖက်သမားများထွက်ပြေးသွားသော လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးအဖွဲ့များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ…….

  • CDF အလောင်း…….၃ လောင်း
  • AK သေနတ် …….၁ လတ်
  • လက်လုပ်သေနတ် …..၄ လက်
  • အိုင်ကွန် …..၆ လုံး
  • စနက်တံ …..၁၀ ချောင်း
  • ကျည်ကာအင်္ကျီ …..၂ ထည်
  • ယူနီဖောင်း ….၃ စုံ
  • ကျောပိုးအိတ် …၂ လုံး
  • လက်လုပ်မိုင်း ….၁ လုံး
  • ဆေးမျိုးစုံ …..၁ ဖာ
  • CDF တံဆိပ်တုံး ….၁ ခု
  • ကျည်အိမ် ….၁ ခု
  • ကျည်မျိုးစုံ …..၅၅၂ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။