စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့ မတ်(၁၃)ရက်၊ နံနက် ၁၁:၀၀ နာရီ အချိန်၌ ဗိုလ်ရန်ပြေရပ်ကွက်ရှိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဥ်အရ ဒလမြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာဝင်းက ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်ပေးစေလိုကြောင်း၊ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအားလုံးရေရှည် ရှင်သန်ဖွံ့ ဖြိုးတိုးတက် စေရန်အတွက် စာကြည့်တိုက်ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများ အလေးထားဆောင်ရွက်သွားကြရန် အသိပေးတိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ မှ ရပ်ကွက်၊ ကျေးရွာစာကြည့် တိုက်များသို့ လှူဒါန်းသည့်သုတ၊ရသစာအုပ်၊စာဆောင်များအား ဒလမြို့နယ်တာဝန်ရှိသူများကထပ်ဆင့် ပေးအပ်လှူဒါန်းခဲ့ရာ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက် (၈) တိုက်မှ စာကြည့်တိုက်မှူးများက အသီးသီး လက်ခံရယူခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲသို့ မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းဝင်း
နှင့် ကော်မတီဝင်များ၊မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိဒေါ်သီတာဝင်းနှင့်ဝန်ထမ်းများ၊မြို့နယ်စာရင်းစစ်ရုံးဦးစီးအရာရှိဒေါ်ချိုချိုသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်စာကြည့်တိုက်မှူးများတက်ရောက်ခဲကြောင်းသိရသည်။

ထို့နောက်တွေ့ဆုံဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲသို့တက်ရောက်လာကြသူများက ဒလမြို့နယ်(ပြန်/ဆက်)ရုံးမှခင်းကျင်းပြသထား သော ဗဟုသုတရဖွယ် သုတ၊ရသ စာအုပ်စာစောင်များ၊ နံရံကပ်စာ​​စောင်များကိုလည်းစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး၊အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ခဲ့ကြောင်းတွေ့ရသည်။

သန်းဇော်ဦး ဒလ

PAN