အမြဲတမ်းအတွက် အသင့်ရှိနေပေးလို့ ကျေးဇူးတင်ရပါတယ်

ပဲခူးမြိုနယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်း (၂၂) ခု၌ ရေဘေးသင့်ပြည်သူ ၅၆၀၀ ကျော်ရှိနေ”

ပဲခူးမြိုနယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၂၂)ခု ဖွင့်လှစ်ထားရှိ၍ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ အဆိုပါ ကယ်ဆယ်ရေးစခန်းများ၌ ရေဘေးသင့်ပြည်သူ (၅၆၄၈)ဦး လာရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းများနှင့် ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတိုနှင့်အတူ ယနေ့ အောက်တိုဘာ (၈)ရက်၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ သွားရောက်ကြည့်ရှု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေဘေးကယ်ဆယ်ရေးစခန်းများအတွက် ဆန်အိတ်(၁၀၀)နှင့် ဆီပိဿာ(၂၀၀)၊ ကြက်ဥ၊ ဘဲဥနှင့် ငါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။