မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကောင်းတဲ့စိတ်ဟာမိတ်ဆွေပါ🌷

လောကမှာ
ကြောက်စရာအကောင်းဆုံးရန်သူဟာ
မကောင်းတဲ့စိတ်ထားပါ ။

အပြင်ရန်တွေကကိုယ့်ကိုသတ်နိုင်ရင်
တစ်ဘ၀ဆိုတာလောက်ပါပဲ ။

မကောင်းတဲ့စိတ်ကတော့
ကောင်းတဲ့ဘ၀ကို အကြိမ်ပေါင်းများစွာ
ဖျက်ဆီးသတ်ပစ်နိုင်ပါတယ် ။

မကောင်းတဲ့စိတ်ထားတွေနဲ့
ကံတွေလုပ်မိမှားကြမယ်ဆိုရင်လည်း
ဆင်းရဲတဲ့ဘ၀တွေကိုရောက်အုံးမှာပါ ။

နောက်ပြီးအပါယ်လေးပါးဟာလည်း
မကောင်းတဲ့စိတ်ကြောင့်သွားရတာပါ ။

လက်ရှိဘ၀အဆင်ပြေမှုဆိုရင်လည်း
စိတ်ကောင်းရှိမှ ဖြစ်နိုင်ပါတယ် ။

စိတ်ကောင်းရှိရင် မိတ်ကောင်းရပြီး
ချမ်းသာမှုတွေဟာ ရနိုင်သလို

မိတ်ကောင်းရတဲ့အတွက်လည်း
ဘ၀မှာအကျိုးအလုံးစုံပြီးရပါတယ် ။

ဘ၀အတွက်အရေးပါတဲ့စိတ်ဟာ
မကောင်းတဲ့နေရာရော
ကောင်းတဲ့နေရာကိုပါပို့ပေးနိုင်လို့

အခြားအရာတွေပြည့်စုံတာထက်
စိတ်အရည်အသွေးပြည့်စုံအောင်
နေ့စဉ်သတိထား ကြိုးစားဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏