Online Game၊ Online ချေးငွေလောင်းကစားလုပ်ငန်းများနှင့် Online မှ လိမ်လည်မှုလုပ်ရပ်များ

ယနေ့နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးစုံကို အကျိုးရှိရှိသုံးတတ်သူနဲ့ လမ်းမှားလိုက်သူတွေရဲ့ ကွာခြားမှုများကတော့ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဆိုသလိုမျိုးပါပဲ.။ အကျိုးရှိရှိသုံးတတ်ရင် ဘဝတက်လမ်းအတွက် အကျိုုးရှိပါတယ်။ မသုံးတတ်တဲ့သူတွေအတွက် ဘေးအနေနဲ့ကတော့ အွန်လိုင်းကနေလိမ်လည်မှုမျိုးစုံနဲ့လည်းကြုံတွေ့နိုင်ရပါတယ်။

လိမ်လည်နည်းအချို့ကတော့ KBZ Pay Service ကဟု အယောင်ဆောင် KBZ pay အဆင့်မြှင့်တင်ပေးမယ်ဆိုပြီး မှတ်ပုံတင်တောင်းခြင်း နဲ့ OTP Code တောင်းခြင်းတွေပြုလုပ်ခြင်း၊ နောက်လိမ်နည်းတစ်ခုကတော့ လိမ်တော့မယ့်သူရဲ့ ဖုန်းထဲကို ငွေတွေသိန်းနှင့်ချီပြီး ပေးပို့ထားပြီး မဲပေါက်ကြောင်းနဲ့ အဲဒီငွေကိုထုတ်ချင်ရင် ယခုဆက်တဲ့ ဖုန်းနံပါတ်အား ငွေဘယ်လောက်လွှဲရင် OTP Code ပို့ပေးမယ်လို့ လိမ်ညာ ရမယ့်ငွေများလို့ ထောင်မြင်ရာစွန့်ဆိုပြီး ကိုယ့်ဆီကငွေလွှဲလိုက်လို့ကတော့ ပလုံစွပ်နဲ့ ဖုန်းပိတ်သွားခြင်းစတဲ့နည်းလမ်းတွေနဲ့ လိမ်နေကြပါတယ်။

အွန်လိုင်းပေါ်မှ လောင်းကစားနည်းတွေကို ဆော့ကစားခြင်းကြောင့်လည်း အကြွေးများတင် စားဝတ်နေရေးကိုသာမက မိသားစု လူမှုစီးပွားဘဝကိုပါ ထိခိုက်လာကြပြီး အဆုံးမှာတော့ လုယက်၊ ခိုးဝှက်ခြင်းတွေကိုပါ ကျူးလွန်လုပ်ဆောင်ပါတော့တယ်။

အွန်လိုင်းကနေ အလုပ်လျှောက်လွှာတွေခေါ်ပြီး ပြည်ပမှာအလုပ်လုပ်ရမယ် လစာကောင်းကောင်းပေးမယ်စသဖြင့် လူငယ်တွေကို မက်လုံးပေးပြီး အလုပ်ခေါ်၊ အဟုတ်မှတ်လို့တကယ်ရောက်လာမှ အွန်လိုင်းကနေ ငွေလိမ်ခိုင်း မရရင် အပြစ်ပေးစသဖြင့် လစာထဲကဖြတ်နဲ့ လူ့အခွင့်အရေးတွေကို စိတ်ထင်သလို ချိုးဖောက်နေကြပါတယ်။ ပြည်ပကို အထင်ကြီးတဲ့ရလဒ်ပေါ့။

အခုလိုမျိုးတွေ လိမ်လည်မှုတွေကို မခံရစေဖို့ အွန်လိုင်းကြောင့် ဘဝပျက်ခဲ့သူတွေရဲ့ ကိုယ့်တွေဖြစ်ရပ်တွေကို သင်ခန်းစာမျှဝေပေးထားတာတွေကို ရှာဖွေကြည့်ရှုပြီး မိမိကိုယ်တိုင်လည်း အထက်ပါဖြစ်စဉ်များနည်းတူ လိမ်လည်မှုမခံရစေဖို့နဲ့ သင်ခန်းစာယူရှောင်ရှားနိုင်စေရန် မေတ္တာနဲ့ သတိပေးလိုက်ပါတယ်။