ဟားခါးမြို့ ဒီမနက်အနိမ့်ဆုံးအပူချိန် -၆°C ထိရောက်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ ဒီမနက်မှာပင် အနိမ့်ဆုံးအပူချိန်ဖြစ်တဲ့ -၆°C ကို ရောက်ရှိတယ်လို့ မိုးဇလတာဝန်ရှိသူဆီကသိရပါတယ်။

 " ဒီနေ့က အအေးဆုံးဖြစ်ပါတယ်၊ အနိမ့်ဆုံးအပူချိန်  -၆°C ထိရောက်သွားတာဆိုတော့၊ သိုလှောင်ထားတဲ့ ရေတွေလည်း အေးခဲနေပါတယ်၊ တော်တော်လေးကို အေးတာပါ။" လို့ မိုးဇလဌာနကတာဝန်ရှိသူက ပြောပါတယ်။

ဟားခါးမြို့မှာ ဟေမာန်ဆာင်းရာသီ ဝင်ကတည်းက ဒီနေ့ ဇန်နဝါရီလ ၃ ရက်ဟာ အအေးဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်‌နေ့တုန်းကလည်း အနိမ့်ဆုံးအပူချိန် -၄.၀°C ရောက်ရှိတယ်လို့လည်း ပြောပါတယ်။