တပတ်အတွင်း ကစားသမားများ အပြောင်းအရွှေ့သတင်းများ

ချဲလ်ဆီးအသင်းနဲ့ မိုနာကိုအသင်းတို့ဟာ Badiashile အတွက် အပြောင်းအရွှေ့ စာရွက်စားတမ်းကိစ္စတွေ ပြီးမြောက်ခဲ့ပြီလို့ သိရပါတယ်
ချဲလ်ဆီး အသင်းဟာ ဘင်ဖီကာ စတား အန်ဇို ဖာနန်ဒက်ဇ် အတွက် ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ယူရို ၁၂၇ သန်းနဲ့အပြောင်းအရွှေ့ ဖြစ်လုနီးပါးအခြေအနေမှာရှိနေပါတယ်

အာဆင်နယ် အသင်းဟာ ရှက်တာဒိုးနက် ကစားသမား မူဒရစ်အတွက် ယူရိုသန်း ၄၀+ ၂၀သန်း ခံစားခွင့် ပျက်ချ ခံရမှုအပြီးမှာရှက်တာနဲ့ ဆက်လက်ဆွေးနွေးနေပြီး တိုးတက်မှု အချို့ရှိခဲ့တယ်လို့ သိရပါတယ် သည်ကစားသမားကို
ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ်

အေစီမီလန်အသင်းဟာ ၄င်းတို့ ရဲ့ ကစားသမား လီမာအို ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး
ကစားသမားဘက်ကလည်း စာချုပ်သစ်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်နေပါတယ် ဒါ့အပြင် အေစီဟာ ဂီရော့ဒ် ဘင်နာဆာ တို့ကိုလည်းစာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်

အယ်လ်နာဆာ အသင်းနဲ့ စာချုပ်ထားတဲ့ ရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ နယူးကာဆဲလ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပါက
နယူးကာဆဲလ် အသင်းထံ အငှားပြောင်းရွှေ့ခွင့်ပြုရမယ်ဆို ကတိကဝတ်ကို စာချုပ်မှာ ထည့်သွင်းထားတယ်လို့
သတင်းတွေ ထွက်ပေါ် နေပါတယ်

မန်ချက်စတာ ယူနိုက်တက်အင်းကတော့ လစ်ပ်ဇစ်နဲ့ စပိန်တောင်ပံကစားသမား အိုလ်မို ကို စိတ်ဝင်စားလာတယ်ဆိုပြီး
စပိန်သတင်းစာ Nacional က ဖော်ပြထားပါတယ် ဒါပေမယ့် တောင်ပံကစားသမားထက် တိုက်စစ်မှူးတစ်ဦးလိုအပ်နေတဲ့
မန်ယူအတွက် rumours သာဖြစ်ဖို့များပါတယ်

ပေါ်တူဂီ လူငယ်စတား ယာအို ဖီးလစ်ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ၃သင်းနဲ့ သတင်းတွေ ဆက်တိုက်ဆိုသလိုထွက်နေပါတယ်
အာဆင်နယ် မန်ယူ ချဲလ်ဆီး အသင်းတို့ ဖြစ်ပြီး အန်ဇို အတွက် စျေးကောင်းသုံးရမယ့် ချဲလ်ဆီးထက် အာဆင်နယ် မန်ယူ
အသင်းတွေ ဖြစ်ဖို့ အလားအလာပိုများပါတယ် အက်သလက်တီကိုဟာ ဖီးလစ်ရဲ့ များပြားလှတဲ့ လစာကြောင့်
ဇန်နဝါရီမှာ အငှားပြောင်းရွှေ့ စေလိုပြီး လစာ ပြဿနာကို လျော့ချ ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်

နယူးကာဆဲလ်အသင်းကတော့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသခဲ့တဲ့ သြစတေးလျ နဲ့ စင်ထရယ်ကို့စ်မာရင်နာ အသင်းက သြဇီ လူငယ် ဂါရန်းကို စက်တင်ဘာလမှာခေါ်ယူထားခဲ့ပြီး ဇန်နဝါရီ ၁ရက်မှာပဲ အသင်းနဲ့ ပူးပေါင်းလာပြီဖြစ်ပါတယ်….