ပျိုမေတို့အတွက် ချွေးပေါက်ကျယ်တာတွေ ပျောက်ကင်းစေဖို့. . .

အားလုံးပဲမင်္ဂလာပါရှင်။
မိန်းကလေးတွေရဲ့ နေ့စဉ်ဘဝမှာမဖြစ်မနေပါဝင်နေတဲ့ အရေးအပါဆုံးကဏ္ဍကတော့
အလှအပရေးရာကဏ္ဍပဲဖြစ်ပါတယ်။
မိတ်ကပ်လိမ်းတိုင်း ချွေးပေါက်ကျယ်နေလို့ မိတ်ကပ်မညီတာ၊ မိတ်ကပ်ကွက်တာ၊ မိတ်ကပ်တွေ ချွေးပေါက်ထဲဝင်ပြီး
အပြောက်ပြောက် ဖြစ်တာမျိုးတွေ ကြုံဖူးကြပါသလား။
ချွေးပေါက်ကျယ်တာက မိန်းကလေးတိုင်းရဲ့ ရန်သူတော်ပါပဲနော်။
အဲ့လိုရန်သူကို သဘာဝနည်းလမ်းနဲ့ ဘယ်လိုချေမှုန်းကြမလဲဆိုတာလေးကို ဝေမျှပေးလိုက်ရပါတယ်။
(၁) ကြက်ဥအကာ
ကြက်ဥကိုဖောက်ပြီး အကာရည်လေးတွေကို သပ်သပ်ယူကာ မျက်နှာပေါ်သုတ်လိမ်းပြီး
တစ်ရှူးပါးပါးလေးကပ်ပေးပါ။ ၁၅မိနစ်ကြာတဲ့အခါ ခွာချလိုက်ရုံပါပဲ။ ဒီနည်းဟာ ချွေးပေါက်ကျဉ်းစေတဲ့အပြင်
ဆားဝက်ခြံတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
(၂) ရေခဲ
မျက်နှာသစ်ပြီးချိန်မှာ ရေခဲတုံးလေးကို ပုဝါလေးနဲ့ထုပ်ပြီး မျက်နှာအနှံ့ ၁၅မိနစ်လောက်ပွတ်ပေးခြင်းကလည်း
ချွေးပေါက်ကို ကျဉ်းစေပါတယ်။
(၃) ရေစိုတဘက်
ရေစိုတဘက်တစ်ခုကို ရေခဲသေတ္တာထဲခဏထားပါ။ ၁၀မိနစ်လောက်ထားပြီး ၎င်းတဘက်ကို ဂုတ်ပေါ်မှာ
၁၅မိနစ်ခန့် တင်ထားပေးပါ။ ဂုတ်ကအပူချိန်က မျက်လုံးအောက် ပါးပြင်ပေါ်က အပူချိန်ကိုတိုက်ရိုက်သက်‌ရောက်ပါတယ်။
ဤနည်းဖြင့်လဲ ချွေးပေါက်ကျယ်တာကို သက်သာစေပါတယ်။ (တစ်ခါသုံး တဘက်ဖြစ်ရပါမယ်နော်)
(၄) ပျားရည်နဲ့ဒိန်ချဉ်
ပျားရည်နဲ့ ဒိန်ချဉ်ကိုရောပြီး မျက်နှာအနှံ့သုတ်လိမ်းပေးပါ။ ၁၀မိနစ်ထား၍ ရေအေးနဲ့ ပြန်ဆေးချ
ပေးလိုက်ပါ။ ချွေးပေါက်လည်းကျဉ်းစေတဲ့အပြင် အသားအရေလဲလှစေပါတယ်။
(၅) ရှားစောင်းလက်ပက်
ညအိပ်ယာမဝင်ခင် အစေးဖယ်ပြီးသား ရှားစောင်းလက်ပက် ကို ဂျယ်လ်လေးတွေကြေတဲ့အထိ
ချေပြီး မျက်နှာအနှံ့ပွတ်လိမ်းပေးပါ။ မိုးလင်းတဲ့အခါ ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ရပါမယ်။ (ဝက်ခြံပေါက်တတ်တဲ့
သူတွေကတော့ ဒီနည်းလေးကို ရှားစောင်းလက်ပက်နဲ့ တည့်မှသုံးပါနော်)
(၆) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါနဲ့ ရေကို ဆတူရောစပ်ပြီး မျက်နှာပေါ်စက်ဝိုင်းပုံစံညင်သာစွာ ပွတ်လိမ်းပေးပြီး
ရေအေးနဲ့ ဆေးချလိုက်ပါ။ အဲ့ဒီနောက် အစိုဓာတ်ပြန်ဖြည့်ဖို့ Moisturizer လေးပြန်လိမ်းပေးပါနော်။
အခုပြောပြထားတဲ့နည်းလေးတွေကို တစ်ပတ်မှာ ၂ခါလုပ်ပေးရုံနဲ့
သိသိသာသာ ချွေးပေါက်တွေလျော့နည်းသွားစေမယ့်အပြင်
ဆားဝက်ခြံ၊ ဝက်ခြံ၊ အရေးအကြောင်းတွေနဲ့ အသားအ‌ရောင်မညီတာကိုလည်း
ကာကွယ်ပေးပါသေးတယ်နော်. . .