မုဒိတာပွားနိုင်ကြပါစေ

မူမမှန်တဲ့စိတ်ကို ဖယ်ရှားပါ

အချိန်တန်လို့ တောက်ပသွားကြတာပါ
ဘယ်သူကိုမှ မနာလိုမဖြစ်ပါနဲ့ ။

သူကြိုးစား‌ရိုးသားလို့
နေရာရပြီး အောင်မြင်သွားတာဖြစ်လို့

ကိုယ့်ဘက်က ၀မ်းမြောက်စွာနဲ့
ဂုဏ်ယူအားကျပြီးတော့ နေပေးရမှာပါ ။

သူများရဲ့အောင်မြင်ကြီးပွားမှုကို
မလိုလားတဲ့စိတ်ဟာ

ကိုယ့်အတွက် အန္တရာယ်တစ်ခုလိုပါပဲ
ကြောက်စရာအရမ်းကောင်းပါတယ် ။

ကံအကျိုးပေးချိန်တန်သွားလို့
ဖြစ်လာကြတဲ့ ရလာဒ်အပေါ်မှာ
မရှုစိမ့်နိုင်ရင် ရှက်စရာကောင်းပါတယ် ။

လူချင်းတူကြပေမယ့်
ကံချင်းမတူရင် ဉာဏ်ချင်းမတူရင်
ရတဲ့အနေထားဟာလည်း မတူနိုင်ပါဘူး ။

အောင်မြင်ကြီးပွားချင်တဲ့သူဟာ
အားကျပြီး ကြိုးစားခွင့်တွေရှိပါတယ်
ဒါပေမယ့် မနာလိုခွင့် လုံး၀မရှိစေရပါဘူး ။

သူလိုဖြစ်ချင်ရင် သူလိုပဲကြိုးစားပါ
အချိန်တန်ရင် ရလာမှာသေချာပါတယ် ။

မကြိုးစားမရိုးသားတဲ့အပြင်
မူမမှန်စိတ်တွေနဲ့ တိုက်ခိုက်ရင်တော့

ကိုယ်ပဲဘေးရောက်သွားပြီး
ဒုက္ခဆိုးတွေနဲ့ရင်ဆိုင်သွားရနိုင်လို့
သင်္ခန်းစာထားပြီး ရှောင်ရှားသင့်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏