အီဂျစ်မှာ လူနေအဆောက်အအုံပြိုကျ

အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုမှာ ဇူလိုင် ၁၇ ရက်က လူနေအဆောက်အအုံတစ်လုံးပြိုကျခဲ့ရာ မိသားစုတစ်စုမှ ၇ ဦးအပါအဝင် စုစုပေါင်း လူ ၈ ဦးသေဆုံးခဲ့ကြောင်း အစိုးရတရားရုံးနဲ့ နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြခဲ့ကြပါတယ်။

မြို့တော်အဝန်းအဝိုင်း Hadayek al-Qubba ခရိုင်ရှိ အဲဒီအဆောက်အအုံဟာ အစိတ်အပိုင်းအားလုံး ပြိုကျသွားခဲ့တာဖြစ်ကြောင်း တရားရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။