Move Forward ပါတီခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံရ

ဇူလိုင်လ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဝန်ကြီးချုပ်မဲရွေးချယ်ပွဲမှာ ပီတာလင်ဂျာရိုရတ်ကတော့ လုံလောက်တဲ့မဲအပြည့်မရခဲ့လို့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံခဲ့ရပါဘူး။

Move Forward ပါတီကနေ ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်ကို အဆိုပြုခဲ့တဲ့ ပီတာလင်ဂျာရိုရတ်ဟာ လွှတ်တော်တွင်း မဲပေးမှုမှာ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ၃၇၆ မဲရဖိုလိုအပ်တဲ့နေရာမှာ မဲအရေအတွက် ၃၂၀ ကျော်ပဲရရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ မိခင်ပါတီအမတ်တွေရဲ့မဲတွေရော၊ မဟာမိတ်ညွန့်ပေါင်း လွှတ်တော်အမတ်ရောမဲတွေပါ အပါအဝင်ဆိုရင် စုစုပေါင်း ၁၀ မဲကျော်ပဲ ထောက်ခံမဲရရှိခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။