ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)အခမ်းအနားကျင်းပမည်

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၂ လ ရာသီပွဲတော်များအနက်မှ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)အား ၉-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ အဖိတ်နေ့ ဖြစ်သော ၈ ရက်နေ့ တွင် ရောင်စုံမီးပုံးများ၊ လျှပ်စစ်မီးများထွန်းညှိပူဇော်ထားသော မီးစေတီများဖြင့် လက်ယာရစ်တစ်ပတ် လှည့်လည်၍ အောင်မြေ၌ စုပေါင်းဆီမီးပူဇော်မည့်အစီအစဉ်အပါအဝင်  ဩဝါဒဆရာတော်ကြီးများထံမှ သီလခံယူပွဲ အခမ်းအနားနှင့် ဝါတွင်းတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊သံဃာ့ပူဇာဟု ဆိုအပ်သောကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်ချ အခမ်းအနားကို စေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်….