အကြောင်းအမျိုးမျိုးကြောင့် နေရာအသီးသီးရောက်ရှိနေသော နိုင်ငံသားများအားပြန်လည်ဖိတ်ခေါ်လျှက်ရှိ

လက်ရှိကာလအတွင်း လူသတ်၊ လုယက်၊ မီးရှို့၊ ဖောက်ခွဲ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ပြည်သူ့ဝန်ထမ်းများအား အုပ်စုဖွဲ့  တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦးများ ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုများတွင် ငွေးကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာကာယကံမြောက်ပါဝင်သူများမှ အပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။

ထိုသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းဖွင့်ပေးမှုကြောင့် ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် CDM ဝန်ထမ်းများပါ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ပါတယ်….

အလားတူပင် အောက်တိုဘာလ ၂ ရက်နေ့ ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ရှိ နယ်မြေခံ ခန်းမတွင် ပြစ်မှုကျူးလွန်ခြင်းမရှိပဲ ဉပဒေဘောင်အတွင်း သို့ဝင်ရောက်လာသည့် PDF တပ်ဖွဲ့ဝင် (၁) ဦးကိုလည်း ဝန်ခံကတိလတ်မှတ်ရေးထိုး၍ ထောက်ပံပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်….