ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ဇန်နဝါရီလ ၂၄ရက် နံနက် ၈ နာရီအချိန်မှ နေ့ ၁၂ နာရီအချိန်ထိ မွန်ပြည်နယ် ၊ ဘီးလင်းမြို့ ၊ ကန်သာယာရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်၌ ဘီးလင်းမြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်း မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများနှင့် လုပ်သားပြည်သူများအား ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ် -၁၉ ကာ ကွယ်ဆေး (Pfizer )အမျိုးအစား ၊ ကာကွယ်ဆေးအားထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများမှ ဘီးလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများနှင့်လုပ်သားပြည်သူ စုစုပေါင်း ၂၁ ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

#PAN