မူဆယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံ ၈ ဦးကို ပစ်သတ်ခဲ့တယ်လို့ DVB မှ အပုပ်ချ

ဧပြီလ ၂၃ ရက်နေ့ မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှ ဦးဟိန်းထက်နိုင်၏ နေအိမ်ကို ဖောက်ထွင်းခိုးယူမှုတွင်ပါဝင်ခဲ့သော တရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဟိုနားရပ်ကွက်ရှိ ဦးနေမျိုးသူရ၏ နေအိမ်တွင် ခိုအောင်းနေသော ဆက်စပ်တရားခံများအား သွားရောက်ဖမ်းဆီးခဲ့ရာတွင် နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကျား ၈ လောင်း၊ သေနတ် ၃ လက်နှင့် ကျည်ဆံအချို့ သိမ်းဆည်းရရှိခြင်းကို DVB မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန်ရည်ရွယ်၍ တမင်အပုပ်ချကာ ဖြစ်စဉ်အားဗြောင်လိမ်ရေးသားထားခြင်းသာ ဖြစ်ပါတယ်။