လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရလို ၁၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးနယ်မြေ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁ ရက်၌ ပခုက္ကူမြို့နယ်၊ ကျပ်တိုးနယ်မြေရဲစခန်းကို PDF များက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သဖြင့် ရဲ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်ဆိုပြီး အထင်မှားအောင် လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

Disinformation

FactCheck