ညောင်ပင်သာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူ ၁၈ ဦးအား ပစ်သတ်တယ်လို့ Khit Thit မှ သတင်းအတုရေး

မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီး စစ်တပ်နှင့် KNU၊ PDF ပူးပေါင်းမဟာ မိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားသောကြောင့် ကျေးရွာနေပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ မေလ ၁၀ ရက်နေ့ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU/PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သလို စစ်ကြောင်းလည်း ရွာအနီးဝန်းကျင်မှာ မရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ KNU/PDF များရဲ့ ပြည်သူများအပေါ် အနိုင်ကျင့် ယုတ်မာသတ်ဖြတ်မှုများကို ဗြောင်လိမ်ပြီး Khit Thit မှ တပ်မတော်ကို အပြစ်ပုံချ၍ အများပြည်သူအထင်မှားအောင် အပုတ်ချကာ အောက်တန်းကျစွာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

#FactCheck
https://t.me/factcheckmm