ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့် လက်မှတ်လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြပါတယ်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ရရှိသူ များအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၊ သီဟသူရ ဘွဲ့ရရှိသူ ၅၁ ဦး၊ သူရဘွဲ့ရရှိသူ ၅၅၄ ဦး၊ သီဟဗလတံဆိပ်ရရှိသူ ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်ရရှိသူ ၁၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၀၅၀ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၃၁၂၅ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၂၃၅၁ ဦး ရှိပြီဖြစ်တယ်လို့သိရပါတယ်။