လွတ်လပ်ရေးနေ့ကို ကြိုဆိုသော အားဖြင့် အားကစားပွဲများကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲတို့ကို ကျင်းပပြုလုပ်ရာ တိုင်းမှူး တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များမစတင်မီ နိုင်ငံကျော် တေးသံရှင်များနှင့် ရှမ်း၊ လားဟူ၊ ပအိုဝ့်၊ ယင်းနက်၊ ယင်းကျား၊ ကချင်နှင့် လီဆူး တိုင်းရင်းသားများက ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဒိုင်းဆုတို့အား အသီးသီးချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်