မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺အမြဲတမ်း ကောင်းနေစေဖို့🌺

ရွှေ၀တ်တဲ့သူတိုင်းလှချင်းမှလှမယ်
စိတ်ကောင်းရှိသူတိုင်းကတော့
အမြဲတမ်းလှနေပါတယ် ။

ပိုက်ဆံရှိသူတိုင်းပြည့်စုံချင်မှပြည့်စုံမယ်
ရောင့်ရဲတတ်သူတွေကတော့
အမြဲတမ်း ပြည့်စုံနေကြပါတယ် ။

အဆောင်တွေကဘုန်းကြီးချင်မှကြီးမယ်
ကုသိုလ်ပြုနေသူကတော့
အမြဲတမ်း ဘုန်းကြီးနေပါတယ် ။

ယတြာကောင်းတိုင်း
အောင်မြင်ချင်မှ အောင်မြင်မယ်

စိတ်ရှည်ရှည်နဲ့ ကြိုးစားရင်တော့
အမြဲတမ်း အောင်မြင်နိုင်ပါတယ် ။

ပျော်ပျော်နေတတ်တိုင်း
စိတ်ချမ်းသာချင်မှ ချမ်းသာမယ်

အကောင်းမြင်တတ်တဲ့သူကတော့
အမြဲတမ်း ပူလောင်မှုကင်းပါတယ် ။

အမှတ်သတိရတိုင်း
ကုသိုလ်တရားတွေဖြစ်ချင်မှဖြစ်မယ်

အပြစ်ကင်းတာတွေ အမှတ်ရနေပါမှ
ကုသိုလ်တွေ ဖြစ်နိုင်ကြပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏