စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကျေးရွာအနီးတွင် PDF ၁ ဦးအားဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များမှ လူ/ယာဉ် ဝင်ထွက်ခြင်းများ စစ်ဆေးဆောင်ရွက်နေစဉ် ကလေးမြိုဘက်မှ မောင်းနှင်လာသော ခရီးသည်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယမင်းထက်(ခ)မင်းထက်သည် PDF အကြမ်းဖက်အဖွဲဝင် ၁ ဦးဖြစ်ကြောင်း အထောက်အထားများနှင့် တကွ စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲများမှ ဖမ်းဆီးခဲ့ပြီး တရားဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။