နွားထိုးကြီးမြို့အတွင်းရှိ ရုံးများအား PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

မတ်လ ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်းအမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးတံခါးပေါက်မှန် ၈ ချပ် ပျက်စီးခဲ့ကြောင်း သိရပါတယ်..

-ဦးအောင်စိုး ၃၉ နှစ်၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူး(မြို့နယ် လျှပ်စစ်) ဘယ်လက်ဖျံဗံဒးစဖောက်ဝင်
-ဦးကျော်ဇောလတ် ၃၃ နှစ်(ထွေ/အုပ်) ဦးခေါင်းညာဘက်ချိုစောင်း ဗုံးသီးအစဖောက်ဝင်(သေဆုံး)
-ဦးရဲထွန်းအောင် ၃၇ နှစ်(ဒုမြို့နယ်အုပ်ချုပ်ရေးမျူး) ညာနားရွက်၊ နံကြား၊ ဘယ်ခြေဖမိုး ဗုံးသီးအစဖောက်ဝင်(စိုးရိမ်ရဒဏ်ရာ)များ ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ခင်ညိုချော