သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗောဓိမဏ္ဍိုင်သီလရှင်စာသင်တိုက်ရှိ ဆေးကုသရေးအဖွဲ့က သာသနာနွယ်ဝင် သီလရှင် ၁၂၀ ပါးနှင့် ဒေသခံပြည်သူ ၅၅ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ် ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။