ဘင်္ဂလားဒေရှ့်နိုင်ငံသမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ့် ရှိတ်ဟာစီနာ

ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေရှ့်အထွေထွေရွေးကောက်ပွဲမှာ ဘင်္ဂလားဒေရှ့်အာဏာရပါတီ အေဝါမီလိဂ်ပါတီက အနိုင်ရသွားတဲ့အတွက် ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်ခွင့်ရရှိသွားခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို ဘ င်္ဂလားဒေရှ့်အတိုက်ခံပါတီတွေ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ သပိတ်မှောက်ထားတဲ့အတွက် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အေဝါမိလိဂ် ပါတီက အခက်အခဲမရှိ အနိုင်ရသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၂ဝ ကျော် တာဝန်ယူခွင့်ရရှိမှာဖြစ်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံသမိုင်းတစ်လျှောက်မှာ သက်တမ်းအကြာဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။ လွှတ်တော် နေရာ ၂၂၅ နေရာကို မဲရေတွက်ပြီးချိန်မှာ အေဝါမီလိဂ်ပါတီဟာ ၁၇၂ နေရာမှာ ကနဦး အနိုင်ရထားတယ်လို့ ဘင်္ဂလားဒေရှ့်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေအနည်းဆုံး ၃ဝဝ ရှိနေပြီး တရားဝင်ရလဒ်တွေကို လာမယ့် ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိနေပါတယ်။ အေဝါမီလိဂ်ပါတီဟာ လွှတ်တော်နေရာ ၃ဝဝ ကို အခြားပါတီငယ်တွေနဲ့ပူးပေါင်းပြီး ခွဲဝေရယူဖွယ်ရှိနေပါတယ်။ ဘင်္ဂလားဒေရှ့် အဓိကအတိုက်ခံပါတီဖြစ်တဲ့ (BNP) ပါတီနဲ့ အခြားပါတီအချို့ဟာ ရွေးကောက်ပွဲကို ဆန္ဒသပိတ်မှောက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။(

BNP ပါတီက ရှိတ်ဟာစီနာ ဦးဆောင်တဲ့ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် ၂ဝ၂၄ ခုနှစ်အတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ ရှိတ်ဟာစီနာ ဦးဆောင်တဲ့အစိုးရအဖွဲ့က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ဝေဖန်ပြစ်တင်ခဲ့ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။