မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်

🌷ဘ၀အရည်သွေးပြည့်ပါစေ🌷

ဘယ်သူမှ မထိခိုက်စေပဲ
ကိုယ့်အောင်မြင်မှုကိုယ်ဖန်တီးပါ ။

အပြစ်မြင်တတ်တဲ့သူတွေကိုလည်း
သဘော ထားကြီးပြီးတော့ သည်းခံပါ ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့
စိတ်မပျံ့လွှင့်ပဲ လျှောက်လှမ်းပါ ။

လောကကြီးဆီက
သင်္ခန်းစာတွေကို အမြဲသင်ယူပြီး
ကိုယ့်ဘ၀ကိုယ် အလှဆင်ပါ ။

ဒုက္ခကို ပြုံးပြပြီးတော့
ခံပြင်းစိတ်နဲ့ နှစ်ဆကြိုးစားယူပါ ။

စိတ်စေတနာကောင်းထားပြီး
ကုသိုလ်လုပ်လည်း မပြတ်လုပ်ပါ ။

နတ်ချစ်လူချစ်အောင်လည်း
ဒေါသနည်းပြီး မေတ္တာဆောင်ပါ ။

မမြဲခြင်းတရားသဘောကို
လက်မလွတ်စေပဲ အေးချမ်းစေပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏