ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပပဲတင်ပို့မှု မြင့်တက်လာ

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပြည်ပပဲတင်ပို့မှု မြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

ဧပြီ (၁) ရက်မှ စက်တင်ဘာ (၂၂) ရက်ထိ ကာလအတွင်း ပြည်ပသို့ ပဲတန်ချိန် ရှစ်သိန်းနှစ်သောင်းကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ ၆၈၂ သန်းကျော် နိုင်ငံခြားဝင်ငွေရရှိထားကြောင်း သိရသည်။