မင်္ဂလာနံနက်ခင်းလေးပါ

မေတ္တာမပေးနိုင်တဲ့အရပ်မှာ
ခိုနားမိတယ်ဆိုရင်
ဘ၀ဟာ ပူလောင်နေရမယ် ။

တန်ဖိုးမထားတဲ့သူဆီမှာ
အပ်နှံထားမိတယ်ဆိုရင်
ဘ၀ဟာ ချောင်ထိုးခံရမယ် ။

ဂရုမစိုက်တဲ့ပတ်၀န်းကျင်မှာ
ရှင်သန်မိတယ်ဆိုရင်
ကိုယ့်ဘ၀ ပျက်စီးရလိမ့်မယ် ။

မမြင်စေချင်တဲ့ အရပ်မှာ
ပေါ်လွင်စွာ နေမယ်ဆိုရင်
ကိုယ့်ကြောင့်အကုသိုလ်ဖြစ်ရမယ် ။

အားပေးဖော် မရတဲ့အထံမှာ
၀ငျခံစားနမယျေဆိုရငျ
ကိုယ့်ဘ၀ ပင်ပန်းဆင်းရဲရမယ် ။

ရုန်းကန်လှုပ်ရှားနေရတဲ့ဘ၀မှာ
အများကြောင့် စိတ်ချမ်းသာမှုတွေ
တန်ဖိုးထားမှုတွေရတာထက်

ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး
စိတ်ချမ်းသာအောင်နေတတ်ဖို့က
ပိုပြီးတော့ အရေးကြီးပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏