တိုက်ပွဲသတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်-မံစီဒေသအတွင်း တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် ကြောင်လည်ရွာ၏ အရှေ့တောင်ဘက်မီတာ ၂၅၀၀ ခန့်အကွာသို့အရောက် KIAနှင့် PDF ပူးပေါင်းအင်အား ၂၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းများက KIA နှင့် PDF ပူးပေါင်းအဖွဲ့ နေရာအား ရှင်းလင်းရန် ပြင်ဆင်စုဖွဲ့နေစဉ် KIAနှင့် PDF ပူးပေါင်း ၂၀ ဦးခန့်က ထပ်မံပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်းမှ-
လက်လုပ်စိန်ပြောင်း ဗုံးသီး ၃ လုံး
လက်လုပ်ဆွဲမိုင်း ၅ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။