မတ်လ ၁၄ ရက်နေ့ တိုက်ပွဲသတင်းများ

မတ် ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

ကုန်းနှော၊ မြို့သစ်၊ ဆွမ်ပရာဘွမ်နှင့် တာဆိုင်းတို့ရှိ နယ်မြေခံတပ်ရင်းများ၊ စခန်းကုန်းများအား KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က ရှော့တိုက်ဒုံး ၊ Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် လာရောက်နှောင့်ယှက်ပစ်ခတ်နေပြီး မိမိဘက်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ။

ကယားပြည်နယ်

ဖားဆောင်းမြို့အတွင်း နယ်မြေရှင်းလင်းစဉ် KNPP နှင့် PDF ပူးပေါင်းအင်အား ၈၀ ဦးခန့်နှင့် ၁ ကြိမ်၊ ၁၁၀ ဦးခန့်နှင့် ၁ ကြိမ်၊ ၇၀ ဦးခန့်နှင့် ၁ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ဖားဆောင်းမြို့ နယ်မြေခံတပ်ရင်းများ သို့ KNPP နှင့် PDF အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က drone ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ကရင်ပြည်နယ်

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းများသို့ KNLA တပ်မဟာ ၆၊ ရင်း ၂၈ နှင့် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က လာရောက်နှောင့်ယှက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

တနင်္သာရီတိုင်း

မေတ္တာစခန်း ဝန်းကျင်တစ်ဝိုက် အကြမ်းဖက်သူများ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ သွားရောက် နယ်မြေရှင်းလင်းစဉ် မေတ္တာစခန်း အနောက်ဘက်သို့အရောက် နေရာ ၅ နေရာမှ KNLA တပ်မဟာ(၆)၊ ရင်း(၂၇) နှင့် အကြမ်းဖက်အင်အား ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ကြီးပစ်ကူယူ၍ တုန့်ပြန်တိုက်ခိုက်လျက်ရှိ။

ရခိုင်ပြည်နယ်

ရသေ့တောင်မြို့ နယ်မြေခံတပ်ရင်းသို့ AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ပါများဖြင့် လာရောက်ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ချင်းပြည်နယ်

ကျင်ဒွေးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၄ နေရာမှ အကြမ်းဖက်အင်အား ၁၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

စစ်ကိုင်းတိုင်း

ကောလင်းမြို့နယ်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် မသင်္ကာဖွယ်ရာ ကျား ၁ ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် အသေဖမ်းဆီးရမိခဲ့။

ပဲခူးတိုင်း

တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဇရပ်ကြီးကျေးရွာအနီးသို့အရောက် အကြမ်းဖက် ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

ဖြစ်စဉ်တွင် ကျည်မျိုးစုံ ၂၄၅ တောင့်၊ လက်လုပ်ဗုံးသီး ၂၅ လုံး၊ လက်လုပ်မိုင်း ၁၁ လုံး၊ ယူနီဖောင်း ၁၆ ထည်၊ အိုင်ကွန် ၅ လုံး၊ အင်ဗာတာ ၁ လုံး၊ လက်လုပ်ဒရုန်း ၁ စီး၊ ဘက်ထရီ ၁၂ လုံးနှင့် မှန်ပြောင်း ၁ လက် သိမ်းဆည်းရမိခဲ့။