ရွှေတိဂုံစေတီတော် (၂၆၁၂) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကျင်းပ

ရွှေတိဂုံစေတီတော် (၂၆၁၂) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူ ဇော်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့နံနက်ပိုင်းတွင် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပခဲ့ပါတယ်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို မတ်လ ၁၅ ရက်နေ့မှ မတ်လ ၂၄ ရက်(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး (၁၂၀) တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ #Crd