ဗိုလ်တထောင်မြို့နယ်မှာ တိုက်ခန်း မီးလောင်မှုဖြစ်ပွား

နိုဝင်ဘာ ၁၂ရက်နေ့မနက်အစောပိုင်းက ဗိုလ်တထောင်မြိုနယ် သိမ်ဖြူလမ်းရှိ နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်ပွားပြီး မီးလောင်မှုမှာ လူ ၁၃ ဦးပိတ်မိနေခဲ့လို ကယ်ထုတ်နိုင်ခဲ့တယ်လို သိရပါတယ်။

” မီးလောင်နေတာ မနက်အစောကြီး မီးကတော့၇နာရီလောက်မှာငြှိမ်းနိုင်နေပြီ။ မီးအနည်းငယ်တော့ကျန်တယ်။ အထဲမှာ၁၃ ဦးပိတ်မိနေလို နောက်အပေါက်ကနေကယ်ထုတ်နေတယ်။ အနည်းဒဏ်ရာရတာလောက်တော့ရှိတယ် မစိုးရိမ်ရပါဘူး”လို မီးသတ်တပ်ဖွဲဝင်တစ်ဦးကဆိုပါတယ်။

လူနေအိမ်တိုက်ခန်း မီးလောင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးငါးဦး ပိတ်မိကာအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့လို ရန်ကုန်ဆေးရုံကြီးသို ပိုဆောင်ပေးခဲ့တယ်လိုလည်း သိရပါတယ်။

ဓာတ်ပုံ -ရှင်သန်ရေးကူညီမှုအသင်း