တစ်လကျော်အတွင်း ဘင်္ဂါလီ ၃၂ ဦးအထိ သတ်ဖြတ်ထားပြီးဖြစ်တဲ့ အကြမ်းဖက် AA

AA လက်နက်ကိုင်အဖွဲ့က တစ်လကျော်အတွင်း ဘင်္ဂါလီ ၃၂ ဦးကို သတ်ဖြတ်လိုက်တယ်လို့ ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

AA လက်နက်ကိုင်အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်ရွာက ဘင်္ဂါလီတွေ ထွက်ပြေးနေတဲ့စက်လှေကို ဧပြီ ၁၂ ရက်မှာ သေနတ်နဲ့ပစ်ခတ်လို့ ကလေးငယ် ၃ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ဒပြုချောင်းရွာကိုလည်း ဧပြီ ၂၅ ရက်မှာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်လို့ ဘင်္ဂါလီ ၁၈ ဦးသေပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ရိုနေဆန်းလွင်က ၎င်း၏ လူမှုကွန်ယက်တွင်ပြောဆိုထားကြောင်း သိရသည်။

“ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်ရွာတွင် ကလေးငယ်တွေက ဝမ်းပျက်ဝမ်းလျှောနဲ့ ရေကျောက်ပေါက်တဲ့ဒဏ်ကို အလူးအလဲခံနေကြရတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ကာ သူတို့ ၅ ယောက်ကို AA က သတ်ဖြတ်လိုက်တာလို့ ရိုနေဆန်းလွင်က ပြောထားပါတယ်။

AA က မသတ်ဖြတ်ဘူးငြင်းပေမဲ့လည်း ဖမ်းဆီးသတ်ဖြတ်တာခံရတဲ့ ဘင်္ဂလီငါးယောက်က မော်လဝီ- ဆော်အိဒ်၊ အဒုလ်အာမိန်၊ အာဘုလ်ကာလာမ်၊ အီဆာလာမ်နဲ့ အာယာစ်တို့ဖြစ်ပြီး ရိုနေဆန်းလွင်က ဒီငါးယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်တာလို့ အတိအကျပြောပါတယ်။

ဒီလိုမျိုး သတ်ဖြတ်မှုတွေအပြင် ဘူးသီးတောင်မြို့နယ်က အမှတ်(၁) အထက်တန်းကျောင်းကို AA က မေလ ၄ ရက် မနက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဘင်္ဂါလီသုံးဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

“မေလ (၄) ရက်နေ့ နံနက် ၁း၃၀ နာရီမှာ ဘူးသီးတောင်မြို့နယ် အမှတ် (၁) အထက်တန်းကျောင်းကို ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂါလီအရပ်သား(မူရင်း ရိုဟင်ဂျာဟုရေးထား) ၃ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်။ အဲဒီကျောင်းမှာ ဦးလှဖေ၊ သိန်တောင်နဲ့ ရွက်ညိုတောင်ရွာများက ရိုဟင်ဂျာတွေ ယာယီခိုလှုံနေကြတာပါ။ သေဆုံးသွားသူ ၃ ဦးကတော့ ရွက်ညိုတောင်ရွာက ဖြစ်တယ်။ သတင်းရင်းမြစ်တွေကတော့ Arakan Army (AA) အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်”လို့ ရိုနေဆန်းလွင်က သူအသုံးပြုတဲ့ လူမှုကွန်ရက်တွေမှာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ဖြန့်ဝေထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘင်္ဂါလီတွေကို လူကုန်ကူးတာလုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့သတင်းစာတွေက ဖော်ထုတ်ရေးသားနေကြပြီး စစ်သားစုဆောင်းတာ၊ ဖမ်းဆီးသတ်ဖြတ်တာကြောင့် ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ပြောဆိုခံနေရသလို AA ရဲ့ထုတ်ပြန်ချက်မှာလည်း ဘင်္ဂါလီလို့သုံးစွဲတာကြောင့် AA ခေါင်းဆောင်ထွန်းမြတ်နိုင်ဟာလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုခံနေရပါတယ်။