အိန္ဒိယက အမေရိကန်ထုတ် Predator ဒရုန်းများ ဝယ်ယူအသုံးပြုရေး ကြိုးပမ်းနေ

အိန္ဒိယတပ်မတော်အနေနဲ့ အမေရိကန်ထုတ် Predator ဒရုန်း ၃၁ စီး ဝယ်ယူအသုံးပြုရေး ကြိုးပမ်းနေကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြလျက်ရှိပါတယ်။

အိန္ဒိယရေတပ်အတွက် ၁၅ စင်း၊ ကြည်းတပ်အတွက် ၈ စင်းနဲ့ လေတပ်အတွက် ၈ စင်းစီ ဝယ်ယူတဲ့ MQ-9 Predators ၃၁ စင်း၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ရှိပြီး ပထမဆုံးအသုတ် လွှဲပြောင်းမှုကို ၂၀၂၆ ခုနှစ် အကုန်ဟု ခန့်မှန်းထားရှိပါတယ်။

အဆိုပါဒရုန်းဟာ အိန္ဒိယရဲ့ ရေကြောင်းနယ်နိမိတ်ကို အဝေးဆုံးအကွာအဝေးအထိ လွှမ်းခြုံနိုင်ပြီး အမြင့်ပေ ၅၀,၀၀၀ အထိ ပျံတက်နိုင်ပါတယ်။

ဒါ့အပြင် ဗုံးအသေးတွေကိုလည်း တင်ဆောင်နိုင်တဲ့အတွက် ၎င်းဒရုန်းကို AGM-114 Hellfire ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်တွေ တပ်ဆင်သွားမှာဖြစ်ပြီး ယင်းဒုံးကျည်တွေဟာ ကီလိုမီတာဝက်မှ ၁၀ ကီလိုမီတာအတွင်းရှိ တင့်ကားတွေနဲ့ အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာဟာ ပင်လယ်ဓားပြတွေ၊ တရုတ်ကဲ့သို အင်အားကြီးနိုင်ငံများမှ စစ်ရေယာဉ်တွေ တည်ရှိရာနေရာဖြစ်တဲ့အတွက် Sea Guardians မောင်းသူမဲ့လေယာဉ်ဟာ စောင့်ကြည့်မှုတာဝန်ကိုလုပ်ဆောင်ချိန်မှာ ကြီးမားတဲ့အထောက်အကူပြုမှာ ဖြစ်ကြောင်း သိရပါတယ်။

#crdခင်ညိုချော