ထိုင်းနိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့် စည်းကမ်းဥပဒေကို ပိုမိုတင်းကြပ်နေ

ထိုင်းအစိုးရအဖွဲ့သည် ပုဂ္ဂလိကပိုင် သေနတ်နှင့် ခဲယမ်းမီးကျောက်များအားလုံးကို အစိုးရအေဂျင်စီတစ်ခုတွင် မှတ်ပုံတင်ရမည်ဆိုသည့် ဥပဒေတစ်ရပ်ကို ရေးဆွဲထားကြောင်းလည်း သိရသည်။ ထိုင်းအစိုးရသည် သေနတ်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်သည့် ဥပဒေမူကြမ်းကို မတ်လ(၁၄)ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း The Star သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က အဆိုပါ သတင်းကို အတည်ပြုပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် သေနတ်နှင့်ပတ်သက်ပြီး ဆောင်ရွက်နေသောလုပ်ငန်း များမှာ ထိရောက်မှုမရှိကြောင်းလည်း ပြောကြားခဲ့သည်၊၊

လက်ရှိ အသုံးပြုနေသောဥပဒေအရ သေနတ်လက်ဝယ်ရှိနေနိုင်သည်ဟု သံသယရှိသူများကို ရဲတပ်ဖွဲ့က စစ်ဆေး ရန် ခွင့်ပြုထားခြင်းမျိုးမရှိကြောင်း Rachada Dhnadirek က ပြောကြားခဲ့သည်။ Rachada Dhnadirek က “လက်ရှိ ဥပဒေအရ သံသယရှိသူဟာ သေနတ်ကိုင်ဆောင်ထားပြီး ပြစ်မှုအတွက် အသုံးပြုဖို့ကြံရွယ်ထားကြောင်း ထင်ရှားတဲ့ သက်သေအထောက်အထားတွေရှိမှသာ ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နိုင်တာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းအသစ်အရ လက်နက်နှင့် ခဲယမ်းမီးကျောက်များအားလုံးကို မှတ်ပုံတင်ရန်လိုအပ်သည့် ၁၉၄၇ ခုနှစ် သေနတ်ဥပဒေကို ပြန်လည်ပြင်ဆင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားသော ဥပဒေမူကြမ်းအသစ်အရ စစ်ဘက်သုံးလက်နက်များ အပါအဝင် လက်နက်များမှောင်ခိုတင်သွင်းမှုကို တားဆီးရန် ရည်ရွယ်ထားကြောင်း Rachada Dhnadirek က ပြောကြားခဲ့သည်။