ပီနန်မြို့တဝိုက်က ပင်လယ်ရေတွေ ပန်းရောင်အဖြစ် ပြောင်းလဲနေ


မလေးရှားနိုင်ငံ၊ ပီနန်မြို့အနီးရှိ ပင်လယ်ရေဟာ ပန်းရောင်အဖြစ် ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ အဏ္ဏဝါနဲ့ကမ်းရိုးတန်းလေ့လာရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အန်နီတီဂျာယာရမ် (Annette Jaya Ram) က အမျိုးသားဥယျာဉ်အတွင်း လမ်းလျှောက်ထွက်ရင်း ဩဂုတ် ၂၇ ရက်၊ မနက် ၁၁ နာရီခန့်မှာ တီလက်ဘာဟန်ကမ်းခြေရှိ ပင်လယ်ရေဟာ ပန်းရောင်ဖြစ်နေတာကို စတင်သတိပြုခဲ့တယ်လို စထရိတ်တိုင်းမ်သတင်းစာက ရေးသားဖော်ပြပါတယ်။