ဒီပဲယင်းမြို့နယ် မူးကမ်းရွာတိုက်ပွဲဖြစ်စဉ်

ဩဂုတ် ၈ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ မူးကမ်းကျေးရွာ၌
တပ်မတော်စစ်ကြောင်းမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်
အကြမ်းဖက်သူ ၆၀ ဦးခန့်က နေရာ ၂ နေရာမှ လက်နက်များဖြင့်
ချောင်းမြောင်းပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ-
အကြမ်းဖက်သူ………….၁ လောင်း
လက်လုပ်သေနတ်………၂ လက်
လက်လုပ်မိုင်း……………၇ လုံး
လက်လုပ်ကျည်အိမ်…….၂ ခု သိမ်းဆည်းရမိခဲ့ပြီး
တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။