နွေရာသီမှာ ရေမပြတ်စေဖို့ ဆည်ရေတွေ ထိန်းသိမ်းမောင်းနှင်ပေးနေ

နွေရာသီမှာ လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေးအတွက် ဆည်တွေကို ဝင်ရောက်နေတဲ့ ရေတွေကို စနစ်တကျသိုလှောင် မောင်းနှင်ပေးနေရတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားပါတယ်။

“နွေရာသီကာလမှာ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ဖို့အတွက် ဆည်တွေကို ဝင်ရောက်နေတဲ့ ရေတွေကို စနစ်တကျသိုလှောင်ပြီး မောင်းနှင်ပေးနေသလို လက်ရှိအချိန်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှု မမျှတတာကြောင့် ခွဲဝေရရှိတဲ့ ဓာတ်အားကို မျှတအောင် ခွဲဝေဖြန့်ဖြူးသွားရမှာဖြစ်တယ်” လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားပါတယ်။