တောင်သာမြို့နယ်တွင် PDF အဖွဲ့မှ Drone ဖြင့်တိုက်ခိုက်မှုကြောင့် ဆရာမတစ်ဦး သေဆုံး

မေလ ၈ရက်၊ နေ့လည် ၁၂ နာရီခွဲချိန်က တောင်သာမြို့နယ် မကျည်းပင်တဲကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့၏ Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဒေါ်အိအိ ၂၈ နှစ်၊ လ/ထ မူပြ(အထကခွဲ-မကျည်းပင်တဲ) နေထိုင်သော နေအိမ်အနောက်ဘက်ရှိ မီးဖိုခန်း သွပ်မိုးပေါ်သို ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထမင်း/ဟင်း ချက်ပြုတ်နေသော ဒေါ်အိအိမှာ ဦးခေါင်း ဗုံးသီးအစ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်