အိမ်မက်ဆိုးတွေနဲ့ စစ်ကိုင်း PDF

ဇွန်လ လကုန်ပိုင်းလောက်ကတည်းက စစ်ကိုင်းတိုင်းထဲက PDF အကြမ်းဖက်တွေကို တပ်မတော်က ပိုက်စိတ်တိုက် လိုက်လံချေမှုန်းနေတာပဲဖြစ်ပါတယ်။ ချေမှုန်းခံရတဲ့ အရေအတွက်ဟာလည်း တစ်နေ့ထက်တစ်နေ့များပြားလာနေပြီး ယခုနောက်ပိုင်း PDF များအနေဖြင့် တိုက်ပွဲများကို ရှောင်ရှားပြီး နီးစပ်ရာနေရာများကိုထွက်ပြေးပုန်းရှောင်နေမှုများလည်း ရှိနေပြီး ဒီလိုထွက်ပြေးစဉ်အချိန် လမ်းကြောင်းများတွင် ဖမ်းမိတဲ့ PDF တွေရဲ့ လက်နက်တွေအများအပြားကိုလည်း ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်များလည် းအများအပြားရှိပါတယ်။ တစ်ချို့သော PDF များဟာ လက်နက်များစွန့်ခွာပြီး အလင်းဝင်ရောက်မှုနှုန်းတွေများလာသလို ထောက်ပံ့မှုနည်းပါးလာတာကြောင့် PDF အနေနဲ့ စိတ်ဓာတ်ကျဆင်းနေကြပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ PDF တွေအနေနဲ့ လေယာဉ်သံတွေကြားရင်တောင် ခြောက်ခြားနေရပြီး ခြောက်ခြားမှုတွေက အိမ်မက်ဆိုးထဲထိ ဝင်ရောက်ခြောက်လှန်လျက်ရှိနေပါပြီ။ အမြင်မှန်တွေလည်း ရဖို့အချိန်တန်နေပြီ။